ပြည်သူချစ်သောဒေါ်အောင်ဆန်းစုကြည်

ပြည်သူချစ်သောဒေါ်အောင်ဆန်းစုကြည်
ပြည်သူချစ်သောဒေါ်အောင်ဆန်းစုကြည်

ုကိုးမဲ့အင်တာနက်စနစ် (WiFi) အသုံးပြုရန် မလိုဘဲ အင်တာနက် သုံးစွဲနိုင်မည့် မိုဘိုင်းဖုန်းမျိုးဆက် အဆင့်မြှင့်တင်မှုများကို GSM ဖုန်းများတွင် ပြုလုပ်သွားမည်ဟုဆို

  လက်ရှိ အချိန်တွင် GSM (Global System for Mobile Communications) ဖုန်းများဖြင့် အင်တာနက် အသုံးပြုလိုပါက ကြိုးမဲ့ အင်တာနက်စနစ်(WiFi) ရရှိသည့် ဧရိယာများတွင်သာ အသုံးပြုနိုင်ရာ ဆက်သွယ်ရေး ကွန်ရက်ဖြင့် အင်တာနက် သုံးစွဲနိုင်မည့် မိုဘိုင်းဖုန်း အဆင့်မြှင့်တင်မှုများကို GSM ဖုန်းများတွင် ပြုလုပ်နိုင်ရန် စီစဉ်လျက်ရှိကြောင်း ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ မြန်မာနိုင်ငံတွင် အသုံးပြုနေသော GSM မျိုးဆက်သည် 2.5G မျိုးဆက်ဖြစ်ပြီး ဒုတိယမျိုးဆက် (2G) နှင့် တတိယမျိုးဆက် (3G) ကြား အပြောင်းအလဲအဆင့်ကို အသုံးပြုနေခြင်း ဖြစ်ကြောင်း၊ အဆိုပါစနစ်တွင် အထွေထွေပက်ကတ် ရေဒီယိုစနစ် (GPRS) ကို အသုံးပြုထားပြီး စာသားတိုပေးပို့မှုစနစ် (SMS) စနစ်နှင့် အင်တာနက် Data လွှဲပြောင်းမှု အချို့ကိုသာ ပြုလုပ်နိုင်သေးကြောင်း သိရှိရသည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် လက်ရှိအသုံးပြုနေသည့် 2.5G ကို 2.75G သို့ အဆင့်မြှင့်တင်မှုများ ပြုလုပ်ကာ GSM ဖုန်းများတွင် အင်တာနက်အသုံးပြုနိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ သို့သော် 2.5G အဆင့်မှ 3G အဆင့်သို့ ယခုအချိန်တွင် မြှင့်တင်ပေးနိုင်မည့် အခြေအနေ မရှိကြောင်း၊ ထို့ကြောင့် လတ်တလောအချိန်တွင် GSM ဖုန်းများ၌ ဖုန်းခေါ်ဆိုမှုအပြင် ရုပ်ပုံများကိုပါ မြင်နိုင်မည့် (Video Call) ခေါ်ဆိုမှုများကို အသုံးပြုနိုင်ဦးမည် မဟုတ်ကြောင်း သိရသည်။ လူကြီးမင်း မိုဘိုင်းဖုန်း အရောင်းဆိုင်မှ မန်နေဂျာဦးကိုကိုအောင်က "ကျွန်တော်တို့ GSM နဲ့ အင်တာနက်သုံးချင်ရင် WiFi  ဇုန်ရှိတဲ့ နေရာကို သွားသုံးရပါတယ်။ ဒီမှာသုံးနေတဲ့ 2.5G/900GSM အမျိုးအစားဖြစ်တဲ့အတွက် အင်တာနက် သုံးတဲ့အခါမှာလည်း SMS ပို့တာနဲ့ Data Transfer လုပ်တာမျိုးလောက်ပဲရတယ်။ မျိုးဆက် အဆင့်မြှင့်မှုတွေသာ ရှိလာရင် File Size နဲ့အမြန်နှုန်းတွေ မြင့်လာပြီး Chatting  လောက်အထိ Mobile Phone နဲ့အသုံးပြုလာနိုင်မယ့် သဘောရှိပါတယ်။ နိုင်ငံတကာမှာတော့ Video Call တွေ အသုံးပြုလို့ရတဲ့ 3G စနစ်ကို အသုံးပြုနေတာ ကြာနေပြီ ဖြစ်ပါတယ်"ဟု ပြောကြား ခဲ့ကြောင်း ၂၀၁၀ ခုနှစ် သြဂုတ်လ ၁၃ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။