ပြည်သူချစ်သောဒေါ်အောင်ဆန်းစုကြည်

ပြည်သူချစ်သောဒေါ်အောင်ဆန်းစုကြည်
ပြည်သူချစ်သောဒေါ်အောင်ဆန်းစုကြည်

မြန်မာစာကို ပိုမိုလွယ်ကူစွာရိုက်နိုင်တော့မည်

 ခုနစ်နှစ်ကြာ အချိန်ယူ ရေးဆွဲထားတဲ့ စံမြန်မာ မြန်မာကွန်ပျူတာစနစ် ကိုသြဂုတ်လ ကုန်လောက်မှ စတင်ပြီး ဈေးကွက်မှာ ရောင်းချဖို့ စီစဉ်ထားတယ်လို့ စံမြန်မာ ကွန်ပျူတာစနစ်ကို ရေးဆွဲသူ ပရိုဂရမ်မာ ဦးအေးမင်းက ပြောပါတယ်။ စံမြန်မာ မြန်မာကွန်ပျူတာစနစ်ဆိုတာ မြန်မာသတ်ပုံကျမ်း နည်းဥပဒေနဲ့ အညီ တည်ဆောက် ရေးဆွဲထားတဲ့ ပလက်ဖောင်း (Platform) စနစ်တစ်ခု ဖြစ်ပါတယ်။ အဲသည်စနစ်က စာရိုက်ရာမှာ လွယ်ကူခြင်း၊ မြန်မာနဲ့ အင်္ဂလိပ်တစ်ပြိုင်နက် တွဲရိုက်နိုင်ခြင်း၊ ဗျည်းသရစီစဉ်ရာမှာ စနစ်ကျခြင်း၊ ရိုက်ထားတဲ့ စာလုံးတွေ မပျောက်ပျက်ခြင်း၊ နေရာရွေ့မှုမရှိခြင်း၊ အချက်အလက်ရှာဖွေရာမှာ မြန်ဆန်တိကျခြင်းစတဲ့ အားသာချက်တွေ ပါဝင်တယ်လို့ ဆိုပါတယ်။ ‘စံမြန်မာစနစ်ဟာ အများသုံးနေတဲ့ ဖောင်း(font) စနစ် မဟုတ်ပါဘူး၊ ကာရိုက်တာမက်ပ် (charactermap) ရဲ့ အခြေခံတစ်ခုပါပဲ၊ မြန်ဆန်မှုကို ဦးစားပေးထားတာပါ’လို့ ပရိုဂရမ်မာ ဦးအေးမင်းက ရှင်းပြပါတယ်။ ဥပမာ-တစ်ချောင်းငင်တို့၊ ရရစ်ကိုရိုက်ရင် ယခင်ရှိပြီးသား စနစ်တွေလို အတို၊ အရှည်ခွဲခြားရိုက်စရာ မလိုဘဲ သင့်တော်တာကို ကွန်ပျူတာ ပရိုဂရမ်က အလိုအလျောက် စီစဉ်ပေးသွားမှာ ဖြစ်ပါတယ်။ စံမြန်မာ မြန်မာကွန်ပျူတာစနစ် ဖရီးဗားရှင်း 1.8 ကို ကျပ် ၁၀၀၀ ခန့်၊ ရက်ဂျီစတေးရှင်း ဗားရှင်း 2.0 ကိုကျပ် ၅၀၀၀ နဲ့ရောင်းချမယ်လို့ သိရကြောင်း ၂၀၁၀ ခု သြဂုတ်လ ၁၃ ရက်နေ့ထုတ် မော်ဒန်ဂျာနယ်တွင် ဖော်ပြထားပါသည်။