ပြည်သူချစ်သောဒေါ်အောင်ဆန်းစုကြည်

ပြည်သူချစ်သောဒေါ်အောင်ဆန်းစုကြည်
ပြည်သူချစ်သောဒေါ်အောင်ဆန်းစုကြည်

အာမခံမှုသတိပြု

ဘဏ်ချေးငွေ တစ်ရပ်အား အာမခံသူအဖြစ် လက်မှတ် ရေးထိုးမိသဖြင့် အခက်အခဲ၊ အကျပ်အတည်းများနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် ပုဂ္ဂိုလ်တစ်ဦးနှင့် ကြုံတွေ့ဖူး ခဲ့ပေသည်။ သူသည် တက္ကသိုလ်ကျောင်းသား အရွယ်၌ပင် ဘုမသိဘမသိဖြင့် ဘဏ်ချေးငွေတစ်ခုကို အာမခံသူတစ်ဦးအဖြစ် လက်မှတ် ရေးထိုးခဲ့မိသည်။ နောင်တွင် သူသည် တက္ကသိုလ်မှ ဘွဲ့ရရှိပြီး နောက်လုပ်ငန်းအချို့တွင် ကျင်လည်ပြီးနောက် ယင်းဘဏ်တွင်ပင် နယ်ဘဏ်ခွဲ၌ ဘဏ်မန်နေဂျာတစ်ဦး ဖြစ်လာလေသည်။ သူ၏ဘဏ်ရုံးချုပ် ချေးငွေဌာနမှ သူ့အတွက် စာတစ်စောင် ရောက်ရှိလာသည်ကို လက်ခံရရှိသည်။ ယင်းစာတွင် လွန်ခဲ့သော (၂၅)နှစ်ခန့်က ဘဏ်ချေးငွေ တစ်ရပ်အတွက် အာမခံသူအဖြစ် လက်မှတ်ရေးထိုးခဲ့သည့် ချေးငွေအတွက် မူလချေးငွေ ရယူသူက ပေးဆပ်ခြင်း မပြုနိုင်သည် ဖြစ်၍ ၎င်းချေးငွေကို ပေးဆပ်ရန် အကြောင်းကြားလာသည့် စာဖြစ်နေသည်ကို တွေ့ရလေတော့သည်။ ကံကြမ္မာက ပျက်ရယ်ပြုနိုင်အား သည်ဟုပင် ဆိုရပေတော့မည် ထင်သည်။ ငယ်စဉ်ကျောင်းသား ဘ၀က အမှတ်တမဲ့ လက်မှတ်ရေးထိုးပေးမှုက မိမိနှင့် မိမိတို့၏ မိသားစု၏ ငွေရေးကြေေးရး ဘ၀ကိုပင် ကြီးမားသော အခက်အခဲကို ဖြစ်စေလာမှုပင် ဖြစ်တော့သည်။ ထို့ကြောင့် အာမခံလက်မှတ် ရေးထိုး တာဝန်ယူမှုများ မပြုမီ မိမိတာဝန်ယူရမည့် ငွေကြေးပမာဏနှင့် ယင်းငွေကြေးကို မိမိနောက်ဆုံး အနေဖြင့် ပေးဆပ်နိုင်မှု ရှိမရှိ၊ မိမိလက်မှတ်ရေးထိုး တာဝန်ယူပေးရမည့် ပုဂ္ဂိုလ်၏ ဘဏ္ဍာရေး အခြေအနေ၊ ဂုဏ်သိက္ခာ၊ ယုံကြည်မှုတို့ကို ထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်း ၂၀၁၀ ခုနှစ် သြဂုတ်လ ၁၀ ရက်နေ့ထုတ် အခွင့်အလမ်းဂျာနယ်တွင် ဖော်ပြထားပါသည်။